ဒေးစွန်ပါ သာသနာ့နယ်မြေက ဘာသာရေးအဆောက်အဦတွေကို KNU၊ PDFတွေ ဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်း အမှား
Share:FacebookX

ဒေးစွန်ပါ သာသနာ့နယ်မြေက ဘာသာရေးအဆောက်အဦတွေကို KNU၊ PDFတွေ ဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်း အမှား

ပဲခူးတိုင်း၊ပဲခူးမြို့နယ် ဒေးစွန်ပါ သာ့သနာနယ်မြေအတွင်းက ရုပ်ပွားတော်တွေနဲ့ ဘာသာရေး အဆောက်အဦတွေကို KNU နဲ့ PDF တပ်ဖွဲ့တွေက ဖျက်ဆီးခဲ့တယ်ဆိုတဲ့ သတင်းအမှားတခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။
အဲဒီအကြောင်းအရာကို စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေချန်နယ်ကနေ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။
မှိုင်းဝေချန်နယ်က အဲဒီအကြောင်းအရာကို အောက်တိုဘာ ၅ ရက် နေ့လယ် ၁ နာရီခွဲကျော်မှာ စတင်ဖြန့်ဝေခဲ့ပြီး တပတ်အတွင်း အဲဒီပို့စ်ကိုhttps://t.me/hminewai/39464 Like ပြုလုပ်သူ ၃၈၈ ဦး၊ ကြည့်ရှုသူ ၃၆,၂၀၈ ဦး၊ Share ပြုလုပ်သူ ၁၀၂ ဦးထိရှိတာ တွေ့ရပါတယ်။
ဒီအကြောင်းအရာကိုပဲ စစ်တပ်ထောက်ခံတဲ့ Facebook Account ဖြစ်တဲ့ Yu Rii Zan https://ghostarchive.org/archive/xVAN2 အပါအဝင် တခြား Facebook စာမျက်နှာတွေနဲ့ တယ်လီဂရမ်ချန်နယ်တွေက ဆက်လက်ဖော်ပြနေကြပြီး လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာနေတာပါ။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ DNA Fact Check အဖွဲ့ကနေ စိစစ်လိုက်တဲ့အခါ KNU၊ PDF ပူးပေါင်းအဖွဲ့တွေက ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့၊ ဝမ်းဘဲအင်းကျေးရွာနားမှာရှိတဲ့ ဘာသာရေးအဆောက်အဦတွေကို ဖျက်ဆီးခဲ့တယ်ဆိုတာ သတင်းအမှားဖြစ်တာကို တွေ့ရှိခဲ့ရပါတယ်။

အပြည့်အစုံဖတ်ရှုရန် – Website link Delta News Agency

အပြည့်အစုံဖတ်ရှုရန် -facebook link Delta News Agency

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .