PDF ဖမ်းထားတဲ့ လူမှုကူညီရေးအဖွဲ့ခေါင်းဆောင် အသတ်ခံရပြီဆိုတဲ့သတင်းအမှား
Share:FacebookX

PDF ဖမ်းထားတဲ့ လူမှုကူညီရေးအဖွဲ့ခေါင်းဆောင် အသတ်ခံရပြီဆိုတဲ့သတင်းအမှား

PDF တွေဖမ်းဆီးထားတဲ့ တနင်္သာရီတိုင်း၊ထားဝယ်ခရိုင် အခြေစိုက် ဇမ္ဗူသီရိအရေးပေါ်ကူညီ ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် ဦးနိုင်မျိုးသွင် သတ်ဖြတ်ခံလိုက်ရပြီဆိုတဲ့ သတင်းအမှားတခု လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ နေပါတယ်။
အဲ့ဒီ့သတင်းကိုhttps://shorturl.at/COY03 စစ်ကောင်စီရဲ့ လော်ဘီချန်နယ်တခုဖြစ်တဲ့ DGF21News Telegram ချန်နယ် https://shorturl.at/bgvCT က စက်တင်ဘာ ၁၉ ရက်၊ ညနေ ၇ နာရီကျော်မှာ စတင်ဖြန့်ဝေထားပြီး ကြည့်ရှုသူ ၂၀၂၅ ဦး၊ reaction ပြုလုပ်သူ ၅၂ ဦး၊ comment ရေးသားမှု ၁ ခုနဲ့ ပြန်လည်မျှဝေတဲ့သူ ၂ ခု ထိရှိကာ လူမှုကွန်ရက်အသုံး ပြုသူတွေကြားမှာ ပျံ့နှံ့နေပါတယ်။
ပျံ့နှံ့လာတဲ့သတင်းမှာ“နောက်ဆုံးသတင်းအရအသတ်ခံလိုက်ရပါပြီ၊ရဟန်းသံဃာမချန် ပရဟိတအဖွဲ့တွေပါ မရှောင် ပြည်သူပါအလွတ်မပေးတဲ့ အကြမ်း ဖက်တွေ အမြန်ကျဆုံးပါ‌စေ“လို့ရေးသားထားကာ ဦးနိုင်မျိုးသွင် ဖမ်းဆီးခံရတဲ့ သတင်းဖော်ပြမှု screenshot ပုံ နှစ်ပုံနဲ့ဖြန့်ဝေထားတာကို တွေ့ရပါတယ်။
DNA Fact Check အဖွဲ့က ဖြစ်စဥ်ကို စစ်ဆေးကြည့်တဲ့အခါမှာ ဇမ္ဗူသီရိအရေးပေါ် ကူညီကယ်ဆယ်ရေး အသင်းခေါင်းဆောင်ကို ထားဝယ်မြို့ပြပျောက်ကြားအဖွဲ့က ဖမ်းဆီးထားတာမှန်ပေမယ့် သတ်လိုက်တယ် ဆိုတဲ့ စွပ်စွဲရေးသားမှုဟာ သတင်းအမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရှုရန် Delta News Agency

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .