ချောင်းဦးမြို့နယ်မှာ PDF ဆယ်ယောက်ကျဆုံးဆိုတဲ့ သတင်းမှား
Share:FacebookX

ချောင်းဦးမြို့နယ်မှာ PDF ဆယ်ယောက်ကျဆုံးဆိုတဲ့ သတင်းမှား

စ်ကိုင်းတိုင်း၊ ချောင်ဦးမြို့နယ်၊ ရွှေလှကျေးရွာနားမှာ စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းရာကနေ ကာကွယ်ရေး(PDF)ရဲဘော် ၁၀ယောက်ကျဆုံးခဲ့တယ်ဆိုတဲ့ သတင်းအမှားတခု လူမှူကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။
အဲ့ဒီ့သတင်းကိုစစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေချန်နယ် https://ghostarchive.org/archive/CGtFF ကနေ အောက်တိုဘာ၂ရက်နေ့၊ မနေ့က ၄နာရီခွဲကျော်မှာ စတင်ဖြန့်ဝေထားတာပါ။
အဲ့ဒီပျံ့နှံ့နေတဲ့သတင်းမှား https://ghostarchive.org/archive/1Om8V ကို အခြားလော်ဘီချန်နယ် ၁၅ခုကနေလည်း ဖြန့်ဝေထားပြီး မှိုင်းဝေချန်နယ်မှာတော့ ကြည့်ရှုသူ ၃၅,၄၁၄ဦး၊ reaction ပြုလုပ်သူ ၆၇၄ဦးနဲ့ ပြန်လည်မျှဝေသူ ၈၅ဦးထိရှိကာ လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့မှုအားကောင်းနေပါတယ်။
DNA Fact Checkအဖွဲ့ကနေ ပျံ့နှံ့လာတဲ့ သတင်းအမှားကို စစ်ဆေးကြည့်တဲ့အခါမှာ ပြီးခဲ့တဲ့ အောက်တိုဘာ၂ရက်နေ့မှာ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲမဖြစ်ခဲ့ကြောင်းသိရပြီး သတင်းမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

 

အပြည့်အစုံဖတ်ရှုရန် – Website link Delta News Agency

အပြည့်အစုံဖတ်ရှုရန် – Facebook link Delta News Agency

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .