မုန်လိုင်ခက်၏ လက်သည်ပျောက် တိုက်ခိုက်ခံရမှု
Share:FacebookX

မုန်လိုင်ခက်၏ လက်သည်ပျောက် တိုက်ခိုက်ခံရမှု

မုန်လိုင်ခက်၏ လက်သည်ပျောက် တိုက်ခိုက်ခံရမှု

ဖြစ်စဉ်အစပိုင်းတွင် စစ်တပ် လုပ်ဆောင်သယောင် ဝမ်းသာအားရ စစ်လော်ဘီ တယ်လီဂရမ်များက ရေးသားခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက ၎င်းတို့ လုပ်ဆောင်ခြင်း မဟုတ်ကြောင်း ငြင်းခြင်း၊ စစ်လော်ဘီ တယ်လီဂရမ်များက ဇာတ်ကြောင်း ဂငယ်ကွေ့ ပြန်ပြောင်း ပြောဆိုလာခဲ့ခြင်းကို မှတ်တမ်းတင်ထားပါသည်။

ဖြစ်စဉ် အကျဉ်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက် စစ်ရှောင်စခန်းအား အောက်တိုဘာ ၉ ရက် ည သန်းခေါင်ယံအချိန် (၁၁ နာရီခွဲ) ဝန်းကျင်တွင် ဖျက်အားပြင်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် ခံခဲ့ရသည်။

ပစ်ခတ်မှုအတွင်း ကြီးမားသည့် ပေါက်ကွဲမှုကြောင့် ၂၉ ဦးသေဆုံးခဲ့ပြီး ၅၇ ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုအထဲတွင် ရင်ခွင်ပိုက် ကလေးငယ်အချို့အပါအဝင် ၁၆ နှစ်အောက် ကလေးငယ် ၁၁ ဦးနှင့် အမျိုးသမီး ၁၅ ဦး ပါဝင်သည်။ ထို့ပြင် မူကြိုကျောင်းနှင့် နေအိမ် ၁၀ လုံးခန့်လည်း ပျက်ဆီးခဲ့သည်။

“ဗုံးအားဘယ်လောက် ကြီး/မကြီးကတော့ အကျယ်ဘက်က မီတာ ၅၀၀၊ ချိုင့်သွားတာက ပေ ၃၀ လောက်ရှိသွားတယ်။ တချို့အိမ်ဆို ထိတောင် မထိဘူး။ မြေကြီးတုန်လို့ ပြိုသွားတဲ့ဟာတွေလည်း အများကြီးပဲ။ ဗုံးလာကျတဲ့အနားမှာရှိတဲ့ တောင်က ဝါးတောဟုတ်တယ်။ အခုက ခုတ်လိုက်သလိုပဲ ပုရွက်ဆိတ်သွားတာတောင် တွေ့ရပြီ။ ပြောင်သွားတာပဲ”လို့ ရှင်ကျန်ရစ်သည့် စခန်းမှ မျက်မြင်တစ်ဦးကို ကိုးကား၍ မြစ်ကြီးနား သတင်းဂျာနယ်တွင်  ဖော်ပြထားသည်။

Read More – https://theredflagmedia.org/the-perpetrator-behind-the-attack-on-munglai-hkyet-has-not-been-identified/

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .