စစ်ရေးရှုံးနိမ့်မှုကို ဖုံးကွယ်ရန် ဘာသာရေးတိုက်ခိုက်မှုအဖြစ်ပုံဖော်ခြင်း – လက်ခတ်တောင်တိုက်ပွဲ
Share:FacebookX

စစ်ရေးရှုံးနိမ့်မှုကို ဖုံးကွယ်ရန် ဘာသာရေးတိုက်ခိုက်မှုအဖြစ်ပုံဖော်ခြင်း – လက်ခတ်တောင်တိုက်ပွဲ

လက်ခတ်တောင်တွင် စစ်ရေး ရှုံးနိမ့်မှုကို ဖုံးကွယ်ရန် စစ်ကောင်စီနှင့် နောက်မြီးဆွဲချယ်နယ်များက သတင်းတု သတင်းမှားများ ဖြန့်ချိဖုံးကွယ်နေခြင်း ဖြစ်ကြောင်း ထင်ရှားစွာ တွေ့ရှိရသည်။

ဖြစ်စဉ်အကျဉ်း

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး၊ လက်ခတ်တောင်ကုန်းတွင် အာဏာသိမ်းစစ်တပ်နှင့် တော်လှန်ရေး တပ်ပေါင်းစုများအကြား တိုက်ပွဲများ ဇူလိုင်လအတွင်းမှာ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ထိုသို့ဖြစ်ပွားခဲ့ပြီး စစ်ရေးအရ မဟာဗျူဟာကျသည့် လက်ခတ်တောင်ကုန်းကို တော်လှန်ရေးအင်အားစုများက ယခုနှစ်၊ ဇူလိုင်လ ၂၁ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။

စစ်ကောင်စီဘက်မှ လက်ခတ်တောင်ကုန်းကို ပြန်လည်ရရှိနိုင်အတွက် လေကြောင်း၊ ကုန်ကြောင်း၊ လက်နက်ကြီးပစ် ကူများဖြင့် နေ့စဉ်နှင့်အမျှပစ်ခတ်ကာကြိုးပမ်းနေသာ်လည်း တစ်လကျော်ကြာလာသည့် (ဩဂုတ်လကုန်) အထိ တိုက်ခိုက်နိုင်ခဲ့ခြင်း မရှိပေ။

ထိုသို့ မြေပြင်တွင် စစ်တပ်မှ ပြန်လည်သိမ်းပိုက်နိုင်ရေးကို နေ့စဉ်နှင့် အမျှ ထိုးစစ်ဆင်နေသကဲ့သို့ လူမှုကွန်ရက်များကို လည်းအသုံးပြုကာ  စစ်တပ်ထောက်ခံ အကောင့်များ၊ တယ်လီဂရမ်ချန်နယ်များတွင် လက်ခတ်တောင်ကုန်း တိုက်ပွဲအပေါ် အခြေပြုသည့် သတင်းတု၊ သတင်းမှားများ အချိန်ကိုက်ဖြန့်ချိလာခဲ့သည်။

ဩဂုတ်လအတွင်း အကြောင်းအရာများစွာကို ခပ်စိတ်စိတ်ဆက်တိုက်ဖြန့်ချိလာခဲ့ကြသည်။ ထို့ပြင် လက်ခတ်တောင်ကုန်း ကို ပြန်လည်ရရှိ၊ သိမ်းပိုက်၊ KNU/PDFများစွာသေ စဖြင့် ပုံမှန်ဖြန့်ချိနေကြ ဖန်တီးထားသည့် သတင်းတု/ သတင်းမှားပုံစံမှ

ဘာသာရေး၊ လူမျိုးရေးကို လှုံ့ဆော်တိုက်ခိုက်သည့် ဇာတ်ကြောင်း စတင်ပြောင်းလဲခဲ့သည်။

ထို့ကြောင့် The Red Flag အနေဖြင့် လက်ခတ်တောင်ကုန်း တိုက်ပွဲအပေါ် အခြေပြုသည့် သတင်းတု၊ သတင်းမှား ဖြန့်ချိသည့် ပုံစံအဆင့်ဆင့်ကို လေ့လာသည့် ဤ ဖြစ်ရပ်လေ့လာချက် ပြုစုအပ်ပါသည်။

Read More – https://theredflagmedia.org/the-military-defeat-at-the-battle-of-lakhat-mountain-is-being-misrepresented-as-a-religious-attack-serving-as-a-cover-up/

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .