ကုန်ဈေးနှုန်းမြင့် လက်သည်တရားခံအဖြစ် စီးပွားရေးလုပ်ငန်းရှင်များကို ပုံဖော်၊ ဖမ်းဆီးခြင်း
Share:FacebookX

ကုန်ဈေးနှုန်းမြင့် လက်သည်တရားခံအဖြစ် စီးပွားရေးလုပ်ငန်းရှင်များကို ပုံဖော်၊ ဖမ်းဆီးခြင်း

မူဝါဒ လုပ်နည်းကိုင်နည်း အမှားကြောင့် အခြေခံစားကုန်နှင့် အမေရိကန်ဒေါ်လာစျေး မြှင့်တက်နေမှုကို ကုန်သည်များ စျေးကစား၊ စျေးဆွဲတင်ခြင်းကြောင့်ဟု ဝါဒဖြန့် အပြစ်တင် အရေးယူလျက်ရှိသည်။

ဖြစ်စဉ် အကျဉ်းချုပ်

စစ်တပ်မှ အာဏာသိမ်းပြီးသည့်နောက် ပြည်တွင်း၌ ပဋိပက္ခများ၊ လက်နက်ကိုင် တော်လှန်ရေးများ ကျယ်ပြန့်စွာဖြစ်ပွားလာခြင်း၊ နိုင်ငံတကာမှ အာဏာသိမ်းစစ်တပ်အပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့ခြင်း၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများစွာ နိုင်ငံအတွင်းမှ ထွက်ခွာသွားခြင်းများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့သည်။

ပိတ်ဆို့ခံရသည့်  စစ်တပ်သည် ပိုမိုတင်းကျပ်သည့် စီးပွားရေးမူဝါဒများကို ချမှတ်ကာ ရုရှား၊ တရုတ်တို့ကိုသာ အားကိုးသည့် စီးပွားရေးငွေကြေးစနစ်ကို ဦးတည်ထူထောင်လျက်ရှိနေသည်။ ပို့ကုန်သွင်းကုန်လိုင်စင် စည်းကမ်းချက်များ တိုးချဲ့လာပြီး လောင်စာတင်သွင်းမှု လုပ်ထုံးလုပ်နည်းများ တိုးလာကာ ပြင်ပသို့ ငွေလွှဲရာတွင် နောက်ဆက်တွဲ အုပ်ချုပ်ရေးပိုင်း ကန့်သတ်မှုများ ချမှတ်လာသည်။ သွင်းကုန်များကို ထပ်မံစိစစ်ခြင်းနှင့် နိုင်ငံခြားငွေရရှိမှု အကန့်အသတ်ရှိခြင်း လုပ်ငန်းများသည် လိုအပ်သော ကုန်စည်များရရန် ပိုမိုခက်ခဲစေသည်။

ထို့ပြင် အာဏာသိမ်းစစ်တပ်မှ ငွေကြေးများကို လွယ်လင့်တကူရိုက်ထုတ်ခြင်း၊ ကုန်ဈေးနှုန်းမြင့်တက်မှုများကို မတားနိုင်ခြင်း၊ ဒေါ်လာဈေး၊ ရွေဈေးများ ကြောက်ခမန်းလိလိမြင့်တက်ကာ မြန်မာငွေဈေးကျဆင်းခြင်း၊ စက်သုံးဆီများ ပြတ်တောက်မှုကို ဖြစ်ပေါ်စေခဲ့သည်။

ထိုအကျိုးဆက်များအနေဖြင့် မြန်မာပြည်သူများ၏ စီးပွားရေး၊ ဝင်ငွေများ ပျက်စီဆုံးရှုံးခြင်း၊ ကျဆင်းခြင်း၊ အလုပ်လက်မဲ့များ ပေါများလာခြင်း၊ နိုင်ငံခြားတိုင်းပြည်များသို့ အလုပ်လုပ်ရန် ထွက်ခွာခြင်းများ ရင်ဆိုင်နေရသည်။ လွန်ခဲ့သော နှစ်နှစ်အတွင်း စစ်ကောင်စီသည် ကျေးရွာများနှင့် ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေး အဆောက်အအုံများ အပါအဝင် အဆောက်အအုံများကို ဗုံးကြဲရန် တရုတ်နှင့် ရုရှားက အဓိကအားဖြင့် ထောက်ပံ့သော လေယာဉ်များနှင့် လက်နက်များသုံးကာ လူထုခုခံတော်လှန်မှုကို ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းခဲ့သည်။ ယခုနှစ်အတွင်း မြန်မာမှ လူ ၁၈ သန်းနီးပါးသည် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေကြောင်း ကုလသမဂ္ဂက ပြောထားသည်။

ထိုသို့အာဏာသိမ်းပြီးသည့်နောက်ပိုင်း ဖြစ်ပေါ်လာသည့် စီးပွားရေးကျဆင်းမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုများ၏ အဓိက လက်သည်တရားခံဖြစ်သည့် အာဏာသိမ်းခဲ့သည့် စစ်တပ်သည် မိမိပြုလုပ်ခဲ့သည့် အလွဲများကို ဖုံးကွယ်နိုင်ရန်အတွက် ကုန်ဈေးနှုန်း မြင့်တက်ခြင်း၏ အဓိက လက်သည်တရားခံကို စီးပွားရေးလုပ်ငန်းရှင်များ၊ ဘဏ်လုပ်ငန်းရှင်များ၊၊ ပိတ်ဆို့သည့် အနောက်နိုင်ငံများ၊ လက်နက်ကိုင်တော်လှန်နေသည့် အင်အားစုများ၊ မီဒီယာများ စသဖြင့် အပြစ်သားအဖြစ် ပုံဖော်လွှဲချခဲ့သည်။

ထိုကြောင့် စစ်ကောင်စီနှင့် စစ်ကောင်စီ လော်ဘီများသည် အတိုင်အဖောက်ညီစွာ ကုန်သည်များကို အပြစ်တင်ခြင်း၊ စျေးကွက်ကမောက်ကမဖြစ်မှုအပေါ် ကုန်သည်များ အပေါ် ပုံဖျက်ခြင်း၊ ယင်းနောက် အမှန်တကယ် ဖမ်းဆီးစစ်ဆေးခြင်းများ လုပ်ဆောင်နေကြောင်း တွေ့ရသည်။ စီမံခန့်ခွဲမှု အမှား၊ လိုအပ်ချက်ကို ဖုံးကွယ်နိုင်ရန် ကုန်သည်များ အပေါ် အဖြစ်ဖို့ ဝါဒဖြန်နေခြင်းကို မှတ်တမ်းပြုလို၍ ယခု ဖြစ်ရပ်လေ့လာချက်ကို ထုတ်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

ဩဂုတ် ရက်စွဲ ဖြစ်စဉ်

အခြေခံ စားသောက်ကုန်များအပါအဝင် ဆန်၊ ဆီဈေးနှုန်းများ အဆမတန် မြင့်တက်နေမှုကို ထိန်းချုပ်ရန် စစ်ကောင်စီ က ဇွန်လအတွင်းဖွဲ့စည်းခဲ့သည့် “ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ” ကို အကောင်အထည်ဖော်မည်ဟု သြဂုတ်လ ၂ ရက်က ကြေညာသည်။

ဒေါ်လာဈေးနှင့် စားအုန်းဆီဈေးမြင့်တက်မှုသည် ကုန်သည်များ၏ မတော်လောဘကြောင့် ဖြစ်သင့်တာထက်ပိုပြီး အမြတ်တင်ရောင်းချခြင်းကြောင့်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဩဂုတ် ၂၂ ရက်တွင် ပြစ်တင်ပြောဆိုခဲ့သည်။

ထိုသို့ စစ်ကောင်စီပြောခွင့်ရက ထိုသို့ပြောဆိုပြီးသည့်နောက် ဆက်တိုက်ဆိုသလိုပင် စစ်တပ်လောဘီချန်နယ်များကလည်း သံယောင်လိုက်ပြောဆိုကြသည်။ ကုန်ဈေးနှုန်း ကြီးမြင့်ရခြင်းသည် တော်လှန်ရေးကြောင့်၊ ဆန်ကုန်သည်၊ ဆီကုန်သည်၊ ဘဏ်လုပ်ငန်းရှင်၊ ရွှေဆိုင်ပိုင်ရှင်များကို အပြစ်ပုံချကာ ဖမ်းဆီးထိန်းသိမ်းရန်လိုအပ်ကြောင်း လှုံ့ဆော်ခဲ့ကြသည်။

Read More.- https://theredflagmedia.org/businessmen-are-being-portrayed-as-the-culprits-behind-high-commodity-prices-leading-to-their-arrest/

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .