မုန်တိုင်းမိုခါအခြေပြု သတင်းအချက်အလက် ဂေဟပျက်ယွင်းခြင်း
Share:FacebookX

မုန်တိုင်းမိုခါအခြေပြု သတင်းအချက်အလက် ဂေဟပျက်ယွင်းခြင်း

မုန်တိုင်းကို ရင်ဆိုင်အံတုရန် ပြည်သူများ အားထားပြုရာ အချက်အလက် ပိုလိုအပ်နေချိန်တွင် သတင်းအချက်အလက်ကို လိုသလို အသုံးချ၍ ဘာသာရေး အမြတ်ထုတ်မှု၊ နိုင်ငံရေး အမြတ်ထုတ်မှု၊ လွတ်လပ်သော မီဒီယာများကို သွေးခွဲပုံဖျက်မှုများစွာ တွေ့မြင်ရသည်။ နောက်ဆုံးတွင် ပြည်သူလူထုသာ မြေစာပင်ဖြစ်ကာ ဘ၀များ ကြေမွခဲ့ရသည်။

ဖြစ်စဉ် 

တကယ်တော့ မိုခါ ဆိုသည်နှင့် အနံ့သင်းသင်း ကော်ဖီတစ်ခွက်အဖြစ် မြင်ယောင်လာနိုင်သည်။ သို့သော် ရခိုင်ဒေသခံများအတွက်တော့ မကောင်းဆိုးဝါး မုန်တိုင်းတစ်ခု ဖြစ်သွားသည်။ သာ၍ ဆိုးသည်မှာ ကြိုတင်ခန့်မှန်း ပြင်ဆင်နိုငa်ပါလျက် ဝေဝါးသော သတင်းအချက်အလက်များ၊ မည်သူ မည်သည့် အဖွဲ့အစည်း၏ သတင်းအချက်အလက်ကို ယုံကြည်၊ ကိုးစားရမည်မသိဘဲ ရင်ဆိုင်လိုက်ရသော မိုခါ ဖြစ်သွားသည်။

ရခိုင်ပြည်နယ်ကို စတင်ဝင်ရောက်ပြီးနောက် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် မုန်တိုင်းဖြတ်ကျော် သွားသည့် လမ်းကြောင်းတွင် နေထိုင်သူ လူဦးရေ ၅ ဒသမ ၄သန်းကျော် မုန်တိုင်းဒဏ်သင့်ခဲ့ကြောင်း United Nations OCHA Myanmar က ခန့်မှန်းထားသည်။ မုန်တိုင်းဒဏ်ကို အများဆုံး ထိခိုက်ခံစားရနိုင်သည့် လူဦးရေမှာ ၃ ဒသမ ၁ သန်းအထိ ရှိသည်။

မုန်တိုင်းလာမည်ကို ကြိုသိသဖြင့် မြန်မာနိုင်ငံတွင် လူပေါင်း ၁ သိန်း၊ ဘင်္ဂလားဒေ့ရှ်တွင် ၇ သိန်းကျော် ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့သည်ဟု ကုလသမဂ္ဂက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က မိုခါမုန်တိုင်းကြောင့် သေဆုံးသူ ၄၅၅ ဦးရှိသည်ဟု မေလ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ BBC သတင်းဌာန၏ အတည်ပြုမှုအရ ရခိုင်ပြည်နယ်အတွင်း သေဆုံးသူ ၁၁၂ ဦးနှင့် စစ်ကိုင်း၊ မကွေးတွင် သေဆုံးသူ ၆ ဦး စုစုပေါင်း ၁၁၈ ဦးရှိကြောင်း သိရပါသည်။

မုန်တိုင်းကြောင့်သေဆုံးသည့် ရိုဟင်ဂျာ ဒုက္ခသည်  စုစုပေါင်း ၄၆၀ ကျော် ရှိကြောင်း RFA သတင်းဌာနက ဖော်ပြထားပါသည်။

အမျိုးမျိုးသော ထုတ်ပြန်ချက်၊ အမျိုးမျိုးသော မုန်တိုင်းပညာရှင် ဆိုသူများ၏ ထုတ်ပြန်ခန့်မှန်းချက်တို့အကြား မုန်တိုင်း စတင်မဖြစ်ပွားမီ၊ ဖြစ်ပွားစဉ်နှင့် ဖြစ်ပွားပြီးနောက်မှာပင် မည်သည့် သတင်းအချက်အလက်ကို အတည်ယူရမည်ကို ခက်ခဲခဲ့သည်။ ယခု နောက်ဆုံး သေဆုံး အဆုံးအပါး စာရင်းတွင်ပင် စစ်ကောင်စီကြေညာသည်က တမျိုး၊ NUG က ထုတ်ပြန်သည်က တဖုံ ဖြစ်ခဲ့သည်။ မီဒီယာများ၏ သတင်းထုတ်ပြန်ပြောဆိုမှုကို များပင် အရေးယူခံရမည့် အရေးကြုံ ခဲ့ရသည်။

မုန်တိုင်းသင့်ပြည်သူများသည် မုန်တိုင်းလာမည်ကို ကြိုတင်သိခဲ့ကြသော်လည်း နားလည်ရန်ခက်ခဲသည့် အသုံးအနှုန်းများနှင့် ဝါဒဖြန့်ချိမှုသတင်းမှားများအကြား မြေစာပင် ဖြစ်ခဲ့ရသည်။ မိုခါမုန်တိုင်းကို အကြောင်းပြု၍ ထိုသို့ သတင်းအချက်အလက် ကစင့်ကလျားဖြစ်မှုကို The Red Flag က ဖြစ်ရပ်လေ့လာချက် အဖြစ် တင်ဆက်ထားပါသည်။

Read More – https://theredflagmedia.org/forecasting-the-mocha-storm-relies-on-assessing-the-information-infodemic/

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .