ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ဗိုလ်ချုပ်များ အမှန်တကယ် တွေ့ဆုံခဲ့ခြင်း ရှိ၊ မရှိ
Share:FacebookX

ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ဗိုလ်ချုပ်များ အမှန်တကယ် တွေ့ဆုံခဲ့ခြင်း ရှိ၊ မရှိ

နေပြည်တော်အကျဉ်းထောင်တွင် အကျဉ်းချခံထားရသော ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဗိုလ်ချုပ်အချို့ သွားရောက်တွေ့ဆုံခဲ့သည့် သတင်းထွက်ပေါ်လာခဲ့ပြီး တွေ့ဆုံမှု ရှိ၊ မရှိ အငြင်းပွားဖွယ်ရာများ ရှိခဲ့သည်။ ယင်းမှာ ပိုမိုအကျပ်ရိုက်လာသော စစ်ခေါင်းဆောင်တို့အတွက် ထွက်ပေါက်ရရေး၊ လက်နက်ကိုင် တွန်းလှန်မှုများကို ပိုမိုထိရောက်စွာ ဝါဒဖြန့် သွေးခွဲနိုင်ရေး အတွက် ဖြစ်နိုင်ကြောင်း သုံးသပ်ထားပါသည်။

 

၁။ ဖြစ်စဉ်အကျဉ်းချုပ်

နေပြည်တော်အချုပ်ထောင်တွင် မတရားဖမ်းဆီးထောင်ချခံထားရသည့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ၏ ဗိုလ်ချုပ်ကြီးအချို့ သွားရောက်တွေ့ဆုံခဲ့သည်ဟုသော အကြောင်းအရာသည် ၂၀၂၃၊ ဇွန်လတွင် လှုပ်လှုပ်ခတ်ခတ် ထွက်ပေါ်လာခဲ့သည်။

သွားရောက်တွေ့ဆုံခဲ့သည် ဆိုသည့် ဗိုလ်ချုပ်များမှာ စစ်ကောင်စီ၏ ပြည်ထဲရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ဖြစ်သည်။ ၂၀၂၃ ခုနှစ် မေလ ၂၇ ရက်က တစ်ကြိမ်၊ ၂၀၂၃ခုနှစ် ဇွန်လ ၄ ရက်နေ့က တစ်ကြိမ် နေပြည်တော် အချုပ်ထောင်တွင် သွားတွေ့ခဲ့ကြကြောင်း သတင်းဌာန အချို့က နာမည်၊ ရက်စွဲအတိအကျဖြင့် ဖော်ပြခဲ့ကြသည်။

ယင်းတွေ့ဆုံမှုသည် “မရှိခဲ့ကြောင်း” စစ်ကောင်စီဘက်မှ  ပြန်လည်ငြင်းဆိုထားပါသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် စစ်ကောင်စီဘက်မှ စီစဉ်ပေးမှုများရှိခဲ့သော်လည်း ထုတ်ဖော်ပြောကြားခြင်း၊ ထုတ်ပြန်ခြင်း မရှိခဲ့သည့် သာဓကများ ရှေ့တွင်ရှိခဲ့ဖူးသည်။

၂၀၂၂ခုနှစ် နိုဝင်ဘာလထဲတွင် NLD ပါတီဗဟိုကော်မတီဝင် ဒေါ်စန္ဒာမင်းနှင့် ဦးတိုးလွင်တို့ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခဲ့ခြင်းကို သတင်းဌာနများက ဖော်ပြခဲ့သော်လည်း ကာယကံရှင်များ ဘက်မှ အစပိုင်းတွင် ငြင်းဆိုခဲ့ပြီး၊ နောက်ပိုင်းတွင်မှ သတင်းစာရှင်းလင်းပွဲလုပ်ကာ တွေ့ကြောင်း ဝန်ခံခဲ့သည်။

ထို့ပြင်၂၀၂၃ ခုနှစ် မတ်လ ၂၅ ရက်နေ့က စစ်ကောင်စီ ခွင့်ပြုချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဗဟိုကော်မတီဝင်တချို့ကို တွေ့ဆုံခွင့်ပေးခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က ငြင်းပယ်ခဲ့ဖူးသည့် ဖြစ်စဉ်များ ရှိခဲ့သည်။

စစ်တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်များမှလည်း “တွေ့ဆုံကြောင်း” သတင်းထွက်ပေါ်လာသည့် အစပိုင်းတွင် တွေ့ဆုံခြင်းသည် ဖြစ်နိုင်ဖွယ်ရာရှိကြောင်း ဖြန့်ချိကြသော်လည်း၊ စစ်ကောင်စီ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ “မမှန်ကန်ကြောင်း” ငြင်းဆိုခဲ့သည့် ဇွန်လ ၁၃ ရက်တွင်မှ “တွေ့ဆုံသည့် ဖြစ်စဉ်မှာ သတင်းမှားဖြစ်ကြောင်း၊ မီဒီယာများမှ လိမ်လည်တင်ပြကြကြောင်း” တပြိုင်တည်းနီးပါး ပြောင်းလဲဖြန့်ချိခဲ့ကြပါသည်။

ထိုကြောင့် စစ်ကောင်စီ ဗိုလ်ချုပ်ကြီးများ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံနိုင်ခြင်းရှိ၊ မရှိ နှင့် ဖြစ်နိုင်ဖွယ်တို့ကို သတင်းတု၊ သတင်းမှားနှင့် ဝါဒဖြန့်ချိရေး ရှုထောင့်မှ လေ့လာချက် အနေနှင့် The Red Flag မှ သုံးသပ်ထားပါသည်။

Read More – https://theredflagmedia.org/did-daw-aung-san-suu-kyi-and-the-generals-meet/

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .