ဒါရိုက်တာ စတီးဖမ်းဆီးခံရခြင်း
Share:FacebookX

ဒါရိုက်တာ စတီးဖမ်းဆီးခံရခြင်း

ဒါရိုက်တာ စတီးအဖမ်းခံရခြင်းမှာ စစ်ကောင်စီ တယ်လီဂရမ်များတွင် တင်ရုံဖြင့် ဖမ်းဆီးလေ့ရှိသော ဥပမာ တစ်ခုဖြစ်သည်။ လူမှုမီဒီယာကို ခြိမ်းခြောက်စရာ လက်နက်တစ်ခုအဖြစ် အသုံးပြုနေကြောင်း ထင်ရှားသည့် နောက်ထပ် ဖြစ်ရပ်တစ်ခုလည်း ဖြစ်သည်။ 

ဖြစ်စဉ်အကျဉ်းချုပ်

လူသိများထင်ရှားသည့် ရုပ်ရှင်ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)ကို  စစ်ကောင်စီတပ်ဖွဲ့ဝင်များက မတ်လ ၂၀ ရက် မွန်းလွဲပိုင်း အချိန်တွင် ၎င်းနေထိုင်ရာ သန်လျင်မြို့နေအိမ်၌ လာရောက်ဖမ်းဆီးခဲ့သည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များလာရောက် ဖမ်းဆီးချိန်တွင် ဒါရိုက်တာစတီးလ်မှာ နေအိမ်တွင်ရှိမနေခဲ့ပေ။ ၎င်း၏ မိသားစုဝင်များကို ဖိအားပေးအကျပ်ကိုင်ကာ ဖုန်းဆက်အကြောင်းကြားခိုင်းပြီး နေအိမ်သို့ပြန်ရောက်ချိန်တွင် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သတင်းဌာနများ၏ ဖော်ပြချက်များအရ သိရပါသည်။

မည်သည့်အကြောင်းပြချက်ကြောင့် ဖမ်းဆီးခြင်းခံရသည်ကို ယခုတိုင် မသိရှိရသလို စစ်ကောင်စီမှလည်း သတင်း ထုတ်ပြန်ခြင်းမရှိသေးပါ။ သို့သော် ဧပြီလဆန်း (သင်္ကြန်မတိုင်မီ) ပြန်လည်လွတ်မြောက်လာပြီဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း သတင်းဌာနများတွင် ဖော်ပြထားခြင်းတော့ မတွေ့ရပေ။

သတင်းတု၊ သတင်းမှားများကို အမြဲတမ်းလိုလို ဖြန့်ချိ၊ လှုံ့ဆော်သည့် စစ်ကောင်စီထောက်ခံသူ ဟန်ငြိမ်းဦး တယ်လီဂရမ်ချန်နယ်မှ ဖမ်းဆီးရန် စတင်လှုံ့ဆော်မှုများကို ပြုလုပ်ခဲ့ပြီး ရက်ပိုင်းအတွင်း ဖမ်းဆီးခံရခြင်း ဖြစ်ခြင်း ကြောင့် The Red Flag အနေဖြင့် Case Study အနေဖြင့် လေ့လာကာ တွေ့ရှိချက်များကို ဖော်ပြအပ်ပါသည်။

Read More – https://theredflagmedia.org/director-steels-arrested-case-study/

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .