စစ်တပ်၏ သပ်လျှို၊ သွေးခွဲ၊ အကြမ်းဖက်၊ သတ်ဖြတ်ခဲ့သည့် ညွတ်ကွင်း နမ်းနိန်း
Share:FacebookX

စစ်တပ်၏ သပ်လျှို၊ သွေးခွဲ၊ အကြမ်းဖက်၊ သတ်ဖြတ်ခဲ့သည့် ညွတ်ကွင်း နမ်းနိန်း

လူသတ်လက်နက်ကို တစ်ဖက်တွင် အသုံးပြုနေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း လူမျိုးရေး၊ ဘာသာရေးမှိုင်းကို အသုံးပြု၍ ပြစ်မှုဖုံးကွယ်ရန် ကြိုးစားလျက်ရှိသည်ကို နမ်းနိန်းဖြစ်ရပ်က မီးမောင်းထိုးပြလျက်ရှိသည်။ 

ဖြစ်စဉ်အကျဉ်းချုပ်

ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်၊ နမ်းနိန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ရဟန်သံဃာများ အပါအဝင် ဒေသခံ ၂၀ ကျော် သတ်ဖြတ်ခံလိုက်ရသည့် ဖြစ်စဉ်ပေါ်အခြေခံပြီး ပအိုဝ်းလူမျိုး နှင့် ကရင်နီ လူမျိုးများ အကြား တွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်အောင် ပြောဆို၊ ရေးသား လှုံ့ဆော်နေသည့် ဖြစ်စဉ် ၂၀၂၃ ခုနှစ်၊ မတ်လ အတွင်း ဖြစ်ပွားခဲ့ပါသည်။

ကရင်နီ တော်လှန်ရေး အင်အားစုများ၏စာရင်းအရ ဘုန်းကြီးကျောင်းဝင်းအတွင်း သံဃာတော် ၃ ပါး အပါအဝင် လူဦးရေ ၃၃ ဦး စာရင်းရှိသော်လည်း ၂၂ ယောက်သာ အလောင်းများကို တွေ့ရှိထားပြီး ကျန် ၁၁ ဦး မှာ ပျောက်ဆုံးနေဆဲဖြစ်သည်။

ယင်းကဲ့သို့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို စစ်ကောင်စီကျူးလွန်ခဲ့ကြောင်း စတင်သိရှိရသည်မှာ စစ်ကောင်စီဝါဒဖြန့် ချန်နယ်များက “PDF များကို စစ်ကောင်စီတပ်က သတ်ဖြတ်နိုင်မှုအဖြစ်” သေဆုံးနေသည့် ဓာတ်ပုံများကို ဖြန့်ဝေခဲ့ခြင်းကြောင့် ဖြစ်သည်။

သို့သော် နှစ်ရက်အကြာတွင် မူလက စစ်ကောင်စီသတ်ဖြတ်နိုင်ခဲ့သည်ဟု ဂုဏ်ယူစွာတင်ခဲ့သည့် လင့်များကို ပြန်လည် ဖြုတ်ချသွားပြီး စစ်တပ်ထောက်ခံသူများနှင့် အမျိုးသား အရေး လှုပ်ရှားသူများက ယင်းသတ်ဖြတ်မှုကို ကရင်နီတော်လှန်ရေးအင်အားစု KNDF၊ PDFများ ကျူးလွန်သည် ဟု လူမှုကွန်ရက် စာမျက်နှာများတွင်ပြောင်းလဲဖြန့်ချိလာကာ လူမျိုးရေး၊ ဘာသာရေးလှုံ့ဆော်မှုများကို တွင်တွင် ကျယ်ကျယ် လုပ်ဆောင်ခဲ့ကြပါသည်။

ပအိုဝ်းနှင့် ကရင်နီ တိုင်းရင်းသားများ အကြားတွင် လူမျိုးရေး၊ ဘာသာရေး၊ ပဋိပက္ခများဖြစ်အောင် ဖြစ်ရပ်မှန်ကို မျက်ကွယ်ပြုပြီး စစ်ကောင်စီ ပြောဆိုခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက မတ်လ ၁၃ ရက်နေ့တွင် စစ်ကောင်စီ လက်အောက်ခံ သတင်းစာများနှင့် ရုပ်မြင်သံကြားများတွင်လည်း လိမ်ညာပြောဆိုခဲ့သည်။

“နမ်းနိန်းရွာဖြစ်စဥ်နဲ့ပတ်သက်ပြီးတော့ အဲဒီဒေသဟာ PNO ရဲ့ ဒေသဖြစ်ပါတယ်။ မတ်လ ထဲမှာ KNDF နဲ့KNPP တို့က အကြိမ်ကြိမ် တိုက်ခိုက်နေတာရှိပါတယ်။ KNDF ဘက်က ပြောဆိုချက်ဟာ စွပ်စွဲပြောဆိုချက်ဖြစ်ပါတယ်၊ အဲဒီနေ့က တပ်အနေနဲ့ အကြောင်းကြားပြီးဝင်တယ် ပြီးရင်ပြန်ထွက်သွားတယ်၊ ပြန်ထွက်တဲ့ အချိန်မှာ KNDF , KNPP နဲ့ တချို့သော ပအိုဝ်းခွဲထွက်တွေက ဝိုင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ပြီးတော့ တပ်ကို တစ်ဖက်သတ် စွပ်စွဲခဲ့တာဖြစ်တယ်” လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီသတင်းဌာန ကို ဖြေကြားခဲ့ ပါသည်။

သာသနာ့နွယ်ဝင်သံဃာတော်များနှင့် ဒေသခံများကို အာဏာသိမ်းစစ်တပ်က သတ်ဖြတ်ခဲ့သော်လည်း  စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းကို ဖုံးကွယ်ရန် စစ်ကောင်စီသည် ပအိုဝ်း ဘုန်းကြီးများကိုအသုံးချကာ ပအိုဝ်လူမျိုးစု များက တော်လှန်ရေးအင်အား စု KNDF/PDF များကို အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲများကိုပင် ရက်ပိုင်းအတွင်း လျင်လျင်မြန်မြန် လုပ်ဆောင်ခဲ့သည်ကို တွေ့ရပါသည်။

အဆိုပါ လုပ်ဆောင်မှုများအားလုံးသည် စစ်ကောင်စီ၏ အကြံအစည်နှင့် စစ်ကောင်စီက ခိုင်းသည့်အတိုင်း PNO/PNA က ပအိုဝ်းနှင့် ကရင်နီ လူမျိုးများအကြားတွင် ပြဿနာဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေ ခြင်း ဖြစ်သည်ဟု သုံးသပ်မှုများစွာလည်း ရှိပါသည်။

ထို့ကြောင့် The Red Flag အနေဖြင့် ယင်းဖြစ်စဉ်ကို Case Studyအနေဖြင့် လေ့လာကာ ဖော်ပြလိုက်ရပါသည်။

Read More – https://theredflagmedia.org/state-administration-councils-wedge-unit-successfully-neutralized-a-bloodthirsty-terrorist-at-nam-nane-monastery-case-study/

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .