ပန်ဆယ်လို၊ ဇလုံကြီး ဖြစ်စဉ်
Share:FacebookX

ပန်ဆယ်လို၊ ဇလုံကြီး ဖြစ်စဉ်

ပန်ဆယ်လို စတိုးဆိုင် နှင့် ဇလုံကြီး ဖြစ်စဉ်က Facebook နှင့် Telegram ဆိုရှယ်မီဒီယာများမှာ စစ်ကောင်စီနှင့် လော်ဘီများ ဖိနှိပ်ခြိမ်းခြောက်၊ ဖမ်းဆီး မတရားမှုပြုခြင်းကို ပျော်ပျော်ကြီး အသုံးချခံနေသော ပလက်ဖောင်းများ ဖြစ်လာသည်ကို မီးမောင်းထိုးပြလျက်ရှိသည်။

မတ် ၁၀၊ ၂၀၂၃

စစ်တပ်လော်ဘီ တယ်လီဂရမ်စာမျက်နှာများက ဇလုံကြီးစားသောက်ကုန်လုပ်ငန်းသည် လူသိများသည့် တော်လှန်ရေးထောက်ပို့လုပ်သူ ပန်ဆယ်လိုထံ စားသောက်ကုန်များ ပေးပို့သည်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ ပေးပို့ရောင်းချသည်ဟု စွပ်စွဲကာ ဖမ်းဆီးရန် မတ်လ ၉ ရက် နံနက်ပိုင်းက လှုံ့ဆော်ခဲ့ကြသည်။

စစ်အုပ်စု လော်ဘီအကြီးစား ချန်နယ် တစ်ခုဖြစ်သည့် ဟန်ငြိမ်းဦး တယ်လီဂရမ်က ဇလုံကြီးဟင်း အနှစ်ထုပ်ဆိုင်ပိုင်ရှင်တွေကို ဖမ်းဆီးရန် ရေးသားဖော်ပြခဲ့သည်။ ယင်းသို့ဖော်ပြပြီး များစွာမကြာမီ  စစ်ကောင်စီတပ်က အမှန်တကယ် ဝင်ရောက်ဖမ်းဆီးခဲ့သည်။

ထို့ကြောင့် လက်ရှိမှာ ပန်ဆယ်လို အမေရိကန်ပြည်ထောင်စုရှိ စတိုးဆိုင်တွင် ခင်းကျင်း ပြသထားသည့် ကုန်ပစ္စည်းအမှတ်တံဆိပ်ပိုင်ရှင် တချို့လည်း တိမ်းရှောင်နေကြရကြောင်း သတင်းဌာနအချို့က ဖော်ပြမှုများကြောင့် သိရပါသည်။

ထိုသို့ ပြည်သူများဆိုရှယ်မီဒီယာအသုံးပြုမှုများကို စောင့်ကြည့်၊ အခြေခံ၍ ခြိမ်းခြောက် လူဖမ်းပွဲပြုလုပ်လေ့ရှိသည့် စစ်အုပ်စု၏ ယခုဖြစ်စဉ်အပေါ်တွင် The Red Flagမှ  စောင့်ကြည့် လေ့လာမှတ်တမ်းပြုထားပါသည်။

Read More – https://theredflagmedia.org/pancelo-and-zalonegyi-case-study/

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .