မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား
Share:FacebookX

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

 

၂၀၂၆ ဇွန်လ ၉ ရက်

(Fact-check by သျှမ်းသံတော်ဆင့်/ The Red Flag/ MFCN)

မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။

အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။

မူရင်းလင့်ခ် – https://archive.ph/0yLgJ

ပျံ့နှံ့နေသော သတင်းနှင့် ရုပ်သံဖိုင်ကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့် သတင်းဌာန၏ အချက်အလက်စစ်ဆေးသူများက စိစစ်ကြည့်ရာတွင် အဆိုပါရုပ်သံဗီဒီယိုသည် ဥရောပတိုက်ရှိ မော်တာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှုမှ ဗီဒီယိုဖိုင် ဖြစ်နေသည်ကို စိစစ်တွေ့ရှိရပါသည်။

သတင်းစစ်ဆေးချက်

ပျံ့နှံ့နေသော ရုပ်သံဖိုင်ကို စစ်ဆေးကြည့်ရာတွင် အဆိုပါရုပ်သံဖိုင်သည် နမ့်ခမ်းမြို့မှ မဟုတ်ဘဲ ဥရောပတိုက်ရှိ Malta နိုင်ငံတွင် ဖြစ်ပွားခဲ့သော မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲမှုတစ်ခု၏ ရုပ်သံဖိုင်သာ ဖြစ်ကြောင်း တွေ့ရှိရသည်။

ALJAZEERA – https://shorturl.at/8eg0a

ပြီးခဲ့သည့် မေလ ၃၁ ရက်က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်ထားသော ယမ်းများ မတော်တဆပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း TNLA က ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက် – https://shorturl.at/r1lZR

အဆိုပါပေါက်ကွဲမှုကြောင့် သေဆုံးသူ (၄၃) ဦးနှင့် ထိခိုက်ဒဏ်ရာရသူ (၇၅) ဦး ရှိကြောင်း TNLA ၏ ဇွန်လ ၁ ရက်အထိ ထုတ်ပြန်ထားသော ထုတ်ပြန်ချက်များအရ သိရသည်။

ထုတ်ပြန်ချက် – https://shorturl.at/Y2Xap

သို့သော် ပေါက်ကွဲမှုအတွင်း တရုတ်နိုင်ငံသား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ပေါက်ကွဲမှုဖြစ်စဉ်ကို တရုတ်အစိုးရအနေဖြင့် အနီးကပ်စောင့်ကြည့်နေကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ လင်ကျန်းက ပြောသည်။

ဧရာဝတီ – https://shorturl.at/h7ecc

နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာအနီး ယမ်းရုံကို TNLA နှင့် တရုတ်နိုင်ငံသား လုပ်ငန်းရှင်အချို့ ပူးပေါင်းလုပ်ကိုင်နေကြောင်း ဒေသခံများ၏ ပြောဆိုချက်ကို ကိုးကားပြီး BBC မြန်မာပိုင်းက ဖော်ပြထားသည်။

BBC – https://www.bbc.com/burmese/articles/cgmp01427e8o

နမ့်ခမ်း ယမ်းသိုလှောင်ရုံပေါက်ကွဲမှုတွင် စစ်ဆေးတွေ့ရှိချက်အရ တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူပေါင်း ၁၇၀ ကျော် သေဆုံးသည်ဆိုသော သေဆုံးမှုစာရင်းသည် ယုံကြည်စိတ်ချရသော သတင်းဌာနကြီးများ သို့မဟုတ် ဒေသတွင်း သတင်းဌာနများတွင် ဖော်ပြထားခြင်း လုံးဝမရှိပါ။

သုံးသပ်ချက်

နမ့်ခမ်းမြို့တွင် TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲသည့် ဗီဒီယိုဟု ဖြန့်ဝေထားသောအကြောင်းအရာသည် ဥရောပတိုက်ရှိ မော်တာနိုင်ငံတွင် မီးရှူးမီးပန်းစက်ရုံပေါက်ကွဲသည့် ဗီဒီယိုဖိုင်ဖြစ်ပြီး မှားယွင်းချိတ်ဆက်ကာ ဖြန့်ဝေထားသော သတင်းအမှားဖြစ်ပါသည်။

စာဖတ်သူများအနေဖြင့် မှန်ကန်သည့်သတင်း ဟုတ်၊ မဟုတ် အတည်ပြုမေးမြန်းလိုလျှင်ဖြစ်စေ၊ သတင်းတု/သတင်းမှားဖြစ်နိုင်သည်ဟု သံသယရှိလျှင်ဖြစ်စေ Fact-Checking စစ်ဆေးပေးသည့် သတင်းဌာန သို့မဟုတ် အဖွဲ့အစည်းများသို့ သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုပါသည်။

Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက်စစ်ဆေးထားသည့် သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Website link – https://myanmarfactcheckingnetwork.org
Facebook link – https://www.facebook.com/share/1Cy232FQNo/

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .